
Watch Freud Full Movie
ဖရွိုက်ဟာ စိတ်ပညာလောကရဲ့ နာမည်ကျော် စိတ်ပညာရှင်တစ်ယောက်ပါ။ ဒီကားကတော့ ဖရွိုက်ငယ်စဉ် မအောင်မြင်သေးခင်က အချိန်မှာ ဇာတ်အိမ်တည်ပြီး သမိုင်းဒရာမာအဖြစ်ရိုက်ထားတာပါ။ သမိုင်းဒရာမာဆိုတာ သမိုင်းတိကျမှု အင်မတန်နည်းတဲ့ အရာမို့ သုတအနေနဲ့တော့ ကြည့်လို့ပြေမှာမဟုတ်ပါဘူး။ ဇာတ်ကိုကလည်း စိတ်ပညာဇာတ်ထက် မှုခင်းဇာတ်ကြီးဖြစ်နေပါတယ်။ စိတ်ညှို့ပညာခေတ်မစားခင်အချိန်မှာ စိတ်ရဲ့စွမ်းအားကို စိတ်ပညာရှင်တွေကိုယ်တိုင် သေချာနားမလည်သေးခင်မှာ ဖရွိုက်ဟာ မသိစိတ်နဲ့ အိပ်မွေ့ချစိတ်ညှို့ပညာအကြောင်း စိတ်ဝင်စားခဲ့ပါတယ်။ အားလုံးရဲ့ ငကြောင်လို့ သမုတ်ခံခဲ့ရတယ်။ ဒီလိုနဲ့ ဟန်ဂေရီမင်းမျိုးပျက်တွေဟာ အိပ်မွေ့ချစိတ်ညှို့ပညာကို အသုံးချပြီး ဖရွိုက်တို့ တိုင်းပြည်ကို လက်သည်မပေါ်ဘဲ ကစဉ့်ကလျားဖြစ်ပြီး ပျက်စီးအောင်လုပ်နေတဲ့အချိန် ဒါကိုသတိထားမိတဲ့လူက ဖရွိုက်တစ်ယောက်တည်းရှိပါတယ်။ ဖရွိုက်ရယ် မဟုတ်မခံ ရဲတပ်သားတစ်ယောက်ရယ် နတ်ဆရာမတစ်ယောက်ရယ်ပေါင်းပြီး စိတ်ပညာချင်း လက်ရုံးရည်ချင်း ဉာဏ်ချင်း ပရိယာယ်ချင်းပြိုင်ပြီး တိုင်းပြည်ကို ဖျက်မယ့်လူတွေနဲ့ ကယ်မယ့်လူတွေ အပြိုင်ဖြဲကြတဲ့ စီးရီးပါပဲ။