Watch The Legend of El Cid Full Movie

ဒီဇာတ်လမ်းတွဲက Rodrigo Díaz de Vivar လို့ခေါ်တဲ့ အလယ်ခေတ်စပိန်က သူရဲကောင်းတစ်ယောက်အကြောင်းကို အကျယ်တဝင့်ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ။ သူ့အဖေက ဘုရင်စေလွှတ်တဲ့ နယ်စပ်ကလေးမှာ စောင့်ကြပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်။ သူ့အဖေဟာ နိုင်ငံအတွက် အသက်ပေးတိုက်ခိုက်ရင်း သေဆုံးခဲ့ပေမဲ့ တိုင်းပြည်ကရော သူတို့အရှင်တွေကရော သူ့အဖေကို ရှိတယ်လို့တောင်မထင်ခဲ့ကြဘူး။ ဘာလို့ဆို သူ့အဖေက စစ်ရှုံးပြီး ကျရှုံးသွားတာကိုး။ ဒီတော့ သူက တိုက်ပွဲတိုင်းအောင်တဲ့ သူရဲကောင်းဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူရဲကောင်းတွေရဲ့ မြင်းတွေကို အစာကျွေး မြင်းချေးကျုံးရတဲ့ အကူဘဝကနေ ကြီးကျယ်တဲ့ El Cid ဖြစ်လာတဲ့အထိ သူလျှောက်လှမ်းလာခဲ့တာတွေကို ကျွန်တော်တို့မြင်ရလိမ့်မယ်။ သူတို့ခေတ်ကိုက နိုင်ငံငယ်လေးတွေ အစိတ်စိတ်ကွဲလိုက် စစ်ဘုရင်တွေကတိုက်လိုက် ပြန်စုသွားလိုက် နန်းလုကြလိုက် ပြန်ကွဲသွားလိုက် ဖြစ်နေတဲ့ ခေတ်ဆိုတော့ နန်းတွင်းထဲက ဆွေတွေမျိုးတော်တွေ တော်ဝင်မျိုးတွေကြားက အာဏာလုပွဲတွေ၊ တိုင်းတစ်ပါးနဲ့ စစ်ပွဲတွေ အစုံပါသလို ဗာတီကန်ရဲ့ဩဇာသက်ရောက်မှုရှိနေတဲ့ နိုင်ငံတွေဖြစ်လို့ နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံကိုလည်း မြင်ရမယ့် တကယ့်အလယ်ခေတ်စီးရီးပါပဲ။
Watch The Legend of El Cid
Watch The Legend of El Cid