Watch SAS Rogue Heroes Full Movie
SAS အဖွဲ့က အစက နာဇီတွေနဲ့ စိတ်ဓာတ်ဆင်ရေးလုပ်ဖို့ စာရွက်ပေါ်မှာပဲရှိတဲ့ အတုလုပ်ထားတဲ့ အဖွဲ့ပေါ့။ တစ်နေ့ကျ အဖေရာထူးကြီးကြီးရှိတဲ့ အမိန့်တစ်စက်မှ မနာခံဘဲ လုပ်ချင်တာလုပ်တဲ့ စစ်သားတစ်ကောင်က ဂျာမန်လေယာဉ်တွေကို လေပေါ်မပျံခင် မြေမှာဆိုက်ထားတုန်း အကုန်ဖျက်ဆီးပစ်ဖို့ မစ်ရှင်တစ်ခုကို အဆိုပြုလာတယ်။ ဒီမစ်ရှင်ကို လုပ်ဖို့ သူက လူ၆၀ တောင်းတယ်။ ဒါပေမဲ့ အထက်က မဖြစ်နိုင်လွန်းတာကြောင့် ခွင့်မပြုပေမဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတဲ့ဘဲက သူ့ရဲ့စာရွက်ပေါ်မှာပဲရှိတဲ့ အဖွဲ့ကို တကယ်ရှိသလိုဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ပေးဖွဲ့လိုက်တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ရပ်မှန်ပေါ် အခြေတည်ရိုက်ကူးထားတဲ့အပြင် ဗမာ၊ မော်လမြိုင်၊ မန္တလေးစတာတွေကိုပါ ခဏခဏ တကူးတက ထည့်ထည့်ပြောပြီး မြန်မာကို အဖက်လုပ်အားပေးထားတဲ့ ကားဖြစ်တာကြောင့် ဇာတ်ကတော့ တော်တော်ကြမ်းပြီး စိတ်ကူးယဉ်ဆန်သလိုဖြစ်နေပေမဲ့ အများစုက ဖြစ်ရပ်မှန်တွေပါပဲလို့တော့ ဇာတ်အဖွင့်မှာတင် စာတန်းထိုးထားပါတယ်။ စစ်တပ်တို့ ဘာတို့ရဲ့ အခြေခံအသက်ဟာ အမိန့်နာခံမှုလို့ ဆိုကြပေမဲ့ ဒီဇာတ်လမ်းတွဲမှာတော့ ထူးခြားစွာပဲ အမိန့်မနာခံတဲ့ ကောင်တွေရဲ့ ကောင်းကွက်ကို အမွှန်းတင်ဖော်ကျူးသွားပါတယ်။