Watch Westworld Full Movie

ဝက်စ်ဝါးလို့ခေါ်တဲ့ ကောင်းဘွိုင်ခေတ်အရိုင်းဆန်ဆန် ပုံစံတူ အပမ်းဖြေဥယျာဉ်ကြီးတစ်ခုပါပဲ။ ဥယျာဉ်ကြီးထဲကို တကယ့်သူဌေးတွေမှလာအပမ်းဖြေနိုင်တာပါ။ ဥယျာဉ်ထဲမှာ ဖြစ်ချင်တဲ့လူဘယ်သူမဆို ဖြစ်နိုင်ပြီး လုပ်ချင်တာဘာမဆိုလုပ်လို့ရပါတယ်။ ဓားပြတိုက်မလား၊ လူဆိုးဖမ်းမလား၊ လူဆိုးလုပ်မလား၊ ကောင်မလေးတွေကိုလုပ်ချင်တာလုပ်မလား၊ ဘာမဆိုလုပ်နိုင်ပါတယ်။ သူတို့လုပ်နေတဲ့ ဥယျာဉ်ထဲက ဟို့စ်လို့ ခေါ်တဲ့ လူအစစ်နဲ့အခြားတူနေတဲ့အရာတွေကတော့ စက်ရုပ်တွေပါပဲ။ ဒါပေမဲ့ စက်အသိဉာဏ်တွေရှိပြီးတော့ ကိုယ်တိုင် စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်ပါတယ်။ ပိုပြီးမိုက်တာက အဲဒီစက်ရုပ်တွေက သူတို့ကိုယ်သူတို့ စက်ရုပ်မှန်းမသိသလို ဒီပန်းခြံဟာလည်း အတုဆိုတာမသိပါဘူး။ သူတို့တွေ အသတ်ခံရရင်သေသွားရင်လည်း ပန်းခြံဝန်ထမ်းတွေ သိပ္ပံပညာရှင်တွေက မှတ်ဉာဏ်တွေကို အစကပြန်ထည့်ပေးပြီး ပြန်စစ်ဆေးပြုပြင်ပြီး ပြန်ထည့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ စက်အသိ ဉာဏ်နဲ့စက်ရုပ်တွေကို မှတ်ဉာဏ်တွေဘယ်လောက်ပဲရှင်းပစ်ပစ် အပိုင်းအစလေးတွေက ကျန်စပြုလာတာပါပဲ။
Watch Westworld
Watch Westworld