
Watch The Way Home Full Movie
ခင်ပွန်းဖြစ်သူ Bradyနဲ့ ခွဲနေရာကနေ မကြာခင် ကွာရှင်းပြတ်ဆဲတော့မဲ့ Kat နဲ့ မိဘနှစ်ပါးရဲ့ အဆင်မပြေမှုတွေကြားက အရိုင်းစိတ်တွေဝင်ပြီး အမေကိုမုန်းနေတဲ့ rebellious teenageလေး Alice သမီးဖြစ်သူကကျောင်းထုတ်ခံရတဲ့အပြင် သူကိုယ်တိုင်ကပါအလုပ်ပြုတ်သွားတော့ အကြံကုန်နေတဲ့ Kat ဆီကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သူအဆက်အသွယ်မလုပ်ခဲ့တဲ့ Kat ရဲ့ အမေ ဒယ်ဆီက စာတစ်စောင်ရောက်လာပါတယ်။ ဒီလိုနဲ့ပဲ Katတစ်ယောက် သမီးဖြစ်သူ Alice ကို ခေါ်ရင်းနဲ့ သူတို့ရဲ့ မိသားစုအမွေဖြစ်တဲ့ Landry Farm ရှိရာလည်းဖြစ်တဲ့ သူ့ရဲ့ ဇာတိကိုပြန်ဖို့ ဖြစ်လာပါတယ်။ မြို့ကြီးသူဖြစ်တဲ့ Alice အတွက်ကတော့ ဖုန်းလိုင်းတောင် အနိုင်နိုင်ဖြစ်နေတဲ့ စိုက်ပျိုးရေးခြံဟာ အိပ်မက်ဆိုးပါပဲ။ အဖေ့ဆီကိုသာ ပြန်ဖို့ စိတ်အားထက်သန်နေတဲ့ Aliceတစ်ယောက် မိဘတွေ ကွာရှင်းတဲ့သတင်းနဲ့အတူ မျှော်လင့်ချက် ရိုက်ချိုးခံလိုက်ရပြီး ဒီမြို့ငယ်လေးမှာပဲ အမေနဲ့အတူ ဘဝသစ်စရဖို့ဖြစ်လာတဲ့အခါမှာတော့