Watch Marie Antoinette Full Movie

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မဟာမိတ်ဖွဲ့ကြပြီဆိုရင် အိမ်ရှေ့စံသားတော်ရှိထားတဲ့ နိုင်ငံဆီကို သမီးတော်ဖွားမြင်ထားတဲ့ နိုင်ငံက စေလွှတ်ပေးရတာ ဓမ္မတာတစ်ခုပါ။ မျိုးဆက်ဖွားမြင်နိုင်ရင်တော့ မဟာမိတ်ချစ်ကြည်ရေး အောင်မြင်သွားပြီလို့ ဆိုကြပြီး မဖွားမြင်နိုင်ခဲ့ရင်တော့ ကြင်ယာတော်တွေရဲ့ ဘဝက ရှင်လျက်နဲ့ သေဆုံးရတဲ့ ဘဝတွေပါ။ ဩစတြီးယားဧကရီဘုရင်မရဲ့ သမီးတော်တစ်ပါးဖြစ်တဲ့ အသက်၁၄ နှစ်အရွယ် မင်းသမီးလေး ထွိုင်နိထ်ဟာ ပြင်သစ်နိုင်ငံနဲ့ ဩစတြီးယားနိုင်ငံတို့ မဟာမိတ်ချစ်ကြည်ရေးအတွက် ပြင်သစ်အိမ်ရှေ့စံ လူးဝစ်နဲ့ လက်ဆက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ ကလေးစိတ်တောင်မကုန်သေးတဲ့ ကြင်ယာတော်လေးအတွက် ဗာစိုင်းလ်နန်းတော်ကြီးက သားရဲတွင်းတစ်ခုလိုပါပဲ။ နန်းတော်ထဲမှာ ဘယ်သူ့ကိုမှ ယုံကြည်လို့မရတဲ့အပြင် လက်ဆက်ထားရတဲ့ အိမ်ရှေ့စံကလည်း တေမိမင်းသားမို့ သူ့ရဲ့မျိုးဆက်ဖွားမြင်ရေးတာဝန်ကို ထမ်းဆောင်ဖို့ကလည်း လှော်တက်မရှိတဲ့ လှေငယ်တစ်စင်းလိုမျိုးပေါ့။ ဒီတော့ လျင်သူစားစတမ်းဆိုသလို ကိုယ့်ဘက်က ခြေတစ်လှမ်းနောက်ကျတာနဲ့ ရန်သူက သရဖူဆောင်းသွားနိုင်တဲ့ အခြေအနေ မျိုးတွေမှာ ကြင်ယာတော်ငယ်လေး ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာကို
Watch Marie Antoinette
Watch Marie Antoinette