
Watch 57 Seconds Full Movie
ဇာတ်လမ်းရဲ့အစမှာတော့ blogger ဖရန်ကလင်းဟာ ဘာရယ်ရဲ့ ကျန်းမာရေးကိုထိန်းညှိပေးတဲ့ လက်ပတ်ပြပွဲမှာ ဘာရယ်နဲ့ အင်တာဗျူးလုပ်ချင်တဲ့အတွက် ပွဲလက်မှတ်စစ်ဝန်ထမ်း ဝင်လုပ်ပါတယ်။ အဲ့ပွဲမှာ ဘာရယ်ကို လုပ်ကြံဖို့လာတဲ့သူကို တွေ့ပြီး မတော်တဆ ဘာရယ်ကို ကယ်မိလိုက်ပါတယ်။ အပြန်လမ်းမှာ အလယ်က အနက်ရှိတဲ့ လက်စွပ်တစ်ခုကို ရှာတွေ့သွားပြီး အနက်ရောင်လေးကို ထိလိုက်ချိန်မှာတော့ သူဟာ ပြီးခဲ့တဲ့ အချိန် 57 စက္ကန့်စီကိုရောက်သွားပါတယ်။ လက်စွပ်က အနက်ရောင်လေးကလည်း အဖြူရောင်အဖြစ်ပြောင်းသွားပါတယ်။ အချိန်တစ်ခုကြာမှသာ အနက်ရောင်အဖြစ်ပြောင်းပြီး ပြန်အချိန်ဆုတ်လို့ရမှာပါ။ ကျွန်တော်တို့နဲ့အကြံတူတဲ့ ဖရန်ကလင်းကလည်း အရင်ဆုံး ကာစီနိုတွေစီသွားပြီး ငွေတွေသဲ့ယူပါတော့တယ်။ ဖရန်ကလင်းရဲ့ ညီမဖြစ်သူဟာ ရမ်ဆန်ဆေးကုမ္ပဏီက ထုတ်တဲ့ဆေးဝါးကြောင့် အသက်ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ သို့ပေမယ့် သက်သေမခိုင်လုံတာကြောင့် ရမ်ဆန်ကုမ္ပဏီကတော့ အမှုကလွတ်သွားခဲ့ပါတယ်။ လက်စွပ်ရဲ့ အချိန်ပြန်ဆုတ်တဲ့အစွမ်းနဲ့ ဖရန်ကလင်းတစ်ယောက် ရမ်ဆန်ကုမ္ပဏီကို ဘယ်လိုတွေ လက်စားချေမလဲဆိုတာတွေ့ရမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်