
Watch Enthada Saji Full Movie
ဆာဂျီမိုဟာ ရည်မှန်းချက်မရှိပဲ လေလွင့်ပျင်းရိနေတဲ့ အမျိုးသမီးလေး တစ်ယောက်ဖြစ်ပါတယ် သူ့သူငယ်ချင်းတွေတောင် မင်္ဂလာဆောင်ပြီးသွားကြပေမယ့် သူကတော့ စေ့စပ်စွဲတစ်ခါပျက်ဖူးတဲ့အပြင် အခုချိန်ထိလည်း Faဖြစ်နေတာမို့ရပ်ထဲရွာထဲမှာ အပျိုဟိုင်းကြီးလို့ စနောက်လှောင်ပြောင်ခံနေရသူလေးပါ ဆာဂျီမိုဟာ ဒီလိုဒဏ်တွေကို သည်းမခံနိုင်တော့တာမို့ ချက်ကျောင်းမှာအမြဲလိုလို သွားညည်းညူလေ့ ရှိပါတယ် တစ်နေ့မှာတော့ သူ့ညည်းညူတာတွေကို ကြားရတာများလာတဲ့အရှင်က ရုပ်တုထဲကနေအပြင်ကိုထွက်လာရာကနေ ဆာဂျီမိုရဲ့ ဘဝဟာလည်း ပြောင်းလဲသွားပါတော့တယ် ဆာဂျီမိုရဲ့ပျော်ရွှင်ခြင်း အခိုက်အတန့်တွေကြားမှာ ချက်ကျောင်းရဲ့ ရုပ်တုဟာလည်း ထူးဆန်းစွာ ပျောက်ကွယ်သွားတဲ့အချိန်မှာ အရှင်နဲ့သူထပ်ဆုံနိုင်ပါ့မလား ဒီလိုရုပ်တုထဲက ထွက်လာတဲ့ အရှင့်နောက်ကွယ် မှာလည်း ဘယ်လိုပဟေဠိတွေရှိနေမလဲဆိုတာ စိတ်ကူးယဥ်ဆန်စွာ တခြားကားတွေနဲ့ မတူပဲ ကြည့်ရှူ့ရမှာဖြစ်ပါတယ်