Watch Oppenheimer Full Movie

ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင်ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကိုကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။ အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာဦဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။ အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါအတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကိုလှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကိုဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်းနာမည်ကြီးနေပါသေးတယ်။
Watch Oppenheimer Full Movie
Watch Oppenheimer Full Movie