Watch Copshop Full Movie
ဂိမ်းပရိုဂရမ်ရေးသားသူတဖြစ်လဲ ဒိတ်ဒိတ်ကြဲသူဌေးတွေကိုမှညာစားတဲ့ Teddy Murrettoဟာ တစ်ချိန်မှာတော့ညာမိတဲ့သူဌေး အရွေးမှားပြီး Hitmanပေါင်းများစွာရဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်ပြေးလို့မလွတ်နိုင်မှန်းသိတဲ့နောက် Gun Creekမြို့လေးကိုအရောက်မှာတော့ မြို့ကရဲမေအရာရှိ Valerie Youngကိုအသားလွတ်ဆွဲထိုးကာ ထောင်နန်းစံပြီး ကြေးစားသမားတွေရန်ကနေ လွတ်အောင်ကြံပါတော့တယ်ဖြစ်ချင်တော့ Hitmanတွေထဲကတစ်ယောက်ဖြစ်တဲ့ Viddickက Teddyကိုခြေရာခံမိသွားတဲ့အတွက်၊သူကပါ အရက်မူးသမားအယောင်ဆောင်၊ ရဲကားကို ကားနဲ့ဝင်တိုက်ပြီး Teddyရှိရာအချုပ်ခန်းဆီကို ထပ်ကြပ်မကွာလိုက်ပါလာခဲ့ပါတယ်ဒါပေမဲ့ Teddyကိုအသေရရ အရှင်ရရအမဲဖျက်ချင်နေတဲ့ Hitmanက တစ်ယောက်နှစ်ယောက်မဟုတ်တဲ့အခါ Gun Creekမြို့လေးကိုတခြားကြေးစားလူသတ်သမားတွေပါ လိုက်လာတဲ့အခါ Teddyတစ်ယောက် Hitmanပေါင်းသောင်းခြောက်ထောင်ရန်ကနေ လွတ်နိုင်ပါ့မလား၊သူရဲ့နောက်ကြောင်းဇာတ်လမ်းကရော ဘယ်လိုများဖြစ်မလဲ၊Viddickကရော သူ့ရဲ့တာဝန်ကို အပြီးသတ်နိုင်မှာလား၊ သူနဲ့အိုးစားခွက်လုဖက်တွေကြားထဲကနေTeddyကို ဘယ်လိုရအောင်သတ်မလဲ