Watch Luther: The Fallen Sun Full Movie

Luther ဟာ စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန်ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ်ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင်ကျအောင် လုပ်လိုက်ပါတော့တယ်။ဒီလိုနဲ့ Luther ဟာ ထောင်ကျသွားပေမယ့် ကွင်းဆက်လူသတ်သမားကို လိုက်ရှာဖို့ အာသီသပြင်းထန်လွန်းနေခဲ့ပါတယ်။ အပြင်မှာ လွတ်နေတဲ့ ကွင်းဆက်လူသတ်သမားဟာလည်း လွတ်လပ်စွာပဲ လူတွေကို သတ်နေခဲ့ပါတယ်။ မနေနိုင်တဲ့အဆုံး Luther လည်း ထောင်ဖောက်ပြေးပြီးတော့ လူသတ်သမားကို ဖမ်းဆီးဖို့ လုပ်တော့တာပေါ့။ ဒါကြောင့် Luther ဟာရဲတွေလက်ကလည်းလွတ်အောင်ပြေးရင်း လူသတ်သမားကိုလည်း လိုက်ဖမ်းရင်းနဲ့လှုပ်ရှားနေတာပေါ့။ Luther ရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ကွင်းဆက်လူသတ်သမားကြား ဉာဏ်ချင်းပြိုင်ကြရင်း စိန်ပြေးလိုက်တမ်းဆော့ကြပုံကို စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။
Watch Luther: The Fallen Sun Full Movie
Watch Luther: The Fallen Sun Full Movie