Watch The Raven Full Movie

ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီး ခမ်းခမ်းနားနား ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲက john Cusack နဲ့ Dracula untold မင်းသား Luke Evans တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာအက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားကပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီးလူသတ်မှုတွေ စတင်ကျူးလွန်ခဲ့ပြီး ပိုးရဲ့ချစ်သူကို ပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့ လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေ ချန်ထားပေးတာတွေကနေတဆင့် လူသတ်သမားကို ဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရော အချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့် အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ ပိုးရဲ့စာအုပ်တွေထဲက ယူသုံးထားတာတွေဖြစ်ပါတယ်။
Watch The Raven Full Movie
Watch The Raven Full Movie