Watch Nobody Full Movie

အက်ရှင်ကားကောင်းကောင်းနဲ့ john wick လိုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဟတ်ချ်မန်ဆဲလ်က အရင်တုန်းက အရပ်ဘက်အေဂျင်စီတွေမှာ လျှို့ဝှက်အေးဂျင့်လိုမျိုး လုပ်ခဲ့ဖူးတဲ့လူတစ်ယောက်။ အခုတော့ မိန်းမရယ်၊ သားရယ်၊ သမီးရယ်နဲ့ သာမန်ဘဝတစ်ခုကို ဖြတ်သန်းနေတယ်။ ဒါပေမဲ့ သူ့ဘဝကြီးက တစ်နေ့နဲ့တစ်နေ့ ဘာမှမထူးခြားတဲ့ အိမ်ထောင်ရေးသုခလည်း ထင်သလောက်ကြီးမရှိတဲ့ ပျင်းရိငြီးငွေ့စရာဘဝကြီးပေါ့။တစ်နေ့တော့ သူ့တို့အိမ်ကို သူခိုး ၂ ယောက်ဝင်တာကို မကာကွယ်ပေးနိုင်ဘဲ သူခိုးတွေလွတ်သွားတယ်။ ပြောရရင်တော့ သူကအရင်ဘဝကို ပြန်မရောက်လိုတဲ့အတွက် အကြမ်းအတမ်းကိုရှောင်တဲ့သဘောပေါ့။ ဒါပေမဲ့ အားလုံးကလည်းဝိုင်းအပြစ်တင်ကြတော့ စိတ်ထွက်ပေါက်ရှာနေတုန်း ညဘက်ဘတ်စ်ကားပေါ်မှာ ရမ်းကားတဲ့ လူငယ်အုပ်စုနဲ့တွေ့ပြီး နှစ်ပေါင်းများစွာ အောင့်အီးထားတဲ့ လက်စွမ်းတွေကိုပြလိုက်တာပေါ့။ ကံဆိုးချင်တော့ အဲ့လူငယ်တွေထဲကတစ်ယောက်က ရုရှားဒုစရိုက်လောကသူဌေးတစ်ဦးရဲ့ ညီဖြစ်နေတဲ့အခါမှာတော့ ဒုစရိုက်သမားတွေလက်ကနေ သူ့မိသားစုကို ကာကွယ်ဖို့ကြိုစားရပါတော့တယ်။ အက်ရှင်ကြမ်းကြမ်းတွေနဲ့ မပျင်းရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
Watch Nobody Full Movie
Watch Nobody Full Movie