Watch The Resident Full Movie

ဂျူလိယက်ဟာ သူမရဲ့ရည်းစားဖြစ်သူကို တခြားကောင်မလေးနဲ့။ သူမရဲ့အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိပြီးတဲ့နောက်မှာ သူမရဲ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီး သူမရဲ့ဘဝကို အသစ်စတင်ချင်တာကြောင့် နေရာအသစ်လိုက်ရှာနေတဲ့ အရေးပေါ်ဆရာဝန်တစ်ယောက်ပါ။ အိမ်ခန်းလိုက်ရှာရင်းနဲ့ သူမဟာ နေရာကျယ်ဝန်းပြီး ရှုခင်းကောင်းတဲ့တိုက်ခန်းတစ်ခုကို တွေ့သွားပြီး ထိုတိုက်ခန်းရဲ့ပိုင်ရှင်က ဈေးသက်သက်သာသာနဲ့ ငှားပေးတဲ့အခါမှာ နှစ်ခါမတွေးဘဲ ပြောင်းနေလိုက်ပါတော့တယ်၊ သူမဟာ ရည်းစားဟောင်းကြောင့် စိတ်က ဇဝေဇဝါဖြစ်နေပြီ အိမ်ပိုင်ရှင်ကို နမ်းလိုက်မိပါတော့တယ်၊ အဲကနေစပြီး သူမဟာ မနက် မနက်ဆို အိပ်ရာထနောက်ကျပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်ကာ အလုပ်တွေနောက်ကျလာပါတော့တယ်၊ အကြောင်းအရင်းကို သိရဖို့ CCTV တပ်ဆင်ထားလိုက်တဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲ ဒီအကြောင်းအရင်းကိုရော သူဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။
Watch The Resident Full Movie
Watch The Resident Full Movie