Watch Once Upon a Time... in Hollywood Full Movie

ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။လီယိုနာဒို၊ ဘရက်ပစ်၊ မာဂေါ့ ရော်ဘီ တို့ အဓိက ပါဝင်ထားပါတယ်။လီယိုနာဒိုကတော့ ရစ်ခ် ဒယ်တန်ဆိုတဲ့ နာမည်ကျဆင်းနေတဲ့ ဟောလိဝုဒ် မင်းသားပေါ့။တစ်ချိန်ကတော့ ဂျိတ်ကေဟေးဆိုတဲ့ ကောင်းဘွိုင်ဇာတ်ကောင်နဲ့ ပေါက်ခဲ့ဖူးခဲ့သူပါ။အခုတော့ ဇာတ်လမ်းတွဲလေးတွေမှာ ဗီလိန်လိုက်လုပ်ပေးနေရပါပြီ။သူ့ရဲ့ စတန့်အရံကတော့ ကလစ်ဖ် ဘုသ် ( ပရက်ပစ်) ပါပဲ။သူကတော့ ရစ်ခ်ရဲ့ မိတ်ဆွေကောင်းအဖြစ် အတူရုန်းကန်နေတဲ့သူပေါ့။မာဂေါ့ရော်ဘီကတော့ ဟောလိဝုဒ်နာမည်ကျော် ဒါရိုက်တာ ရိုမန် ပိုလန်းစကီးရဲ့ မိန်းမအဖြစ် သရုပ်ဆောင်ထားပါတယ်။မထင်ရှားသေးတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ အခြေအနေကိုလည်း ပြထားတာပေါ့။သူတို့တွေကို အခြေခံပြီး ဟောလိဝုအထာ၊ ဟစ်ပီတွေ၊ အီတလီရုပ်ရှင်တွေနဲ့ ၁၉၆၀ ဝန်းကျင် ရွှေခေတ်ကို ပုံဖော်ပြထားတာလေးကို လှလှပပ ခံစားကြည့်ရမှာပါ။ဘောနက်စ်အနေနဲ့တော့ ဘရုစ်လီဇာတ်ကောင်ကိုလည်း တွေ့ရပါလိမ့်ဦးမယ်။ ဘရုစ်ဖန်တွေတော့ နည်းနည်းထိရှမလားပဲ။
Watch Once Upon a Time... in Hollywood Full Movie
Watch Once Upon a Time... in Hollywood Full Movie