Watch The Dead Lands Full Movie

သူ့မြေ ကိုယ့်မြေခွဲပြီး သူတစ်လူငါတစ်မင်း နေခဲ့ကြတုန်းက ကြီးကျယ်တဲ့စစ်ပွဲကြီးတွေ ခဏခဏ ဖြစ်ပွားခဲ့ဖူးတယ်။ နောက်တော့ ငြိမ်းချမ်းရေးအတွက် မျိုးနွယ်စုတွေအားလုံး အာဃာတတွေ သင်ပုန်းချေအပြီး တည့်တည့်ရှုရှုနေချိန်ရောက်တော့မှပဲ စစ်ပွဲနတ်ဘုရားက လူသားတွေကို လက်ဆောင်ပေးလိုက်တဲ့ တိုက်ပွဲတစ်ပွဲကို ဖော်ကျူးတဲ့ဇာတ်ကားပါ။ဘိုးဘွားတို့အမွေ၊ အစာနဲ့ရေကိုပေးတဲ့မြေ၊ ခိုလှုံရာအမိမြေက ကိုယ့်မျိုးနွယ်ကို သစ္စာဖောက် ကျောခိုင်းခဲ့သူ နတ်ဆိုးကြီးအမည်တွင် မကောင်းဆိုးဝါးကြီး ငြိမ်းချမ်းရေးကြီးစိုးနေတဲ့မြေမှာ ယောက်ျားတို့ဂုဏ်သရေထွန်းပြောင်ချင်တဲ့ဆန္ဒသက်သက်နဲ့ စစ်ပွဲကို အတင်းခေါ်သွင်းလာသူ ဂုဏ်မက်သူကြီး ဝီရပါ ရာသီဆယ့်ခြောက်ခါပြောင်းတာကို မျက်မြင်ကြုံရတဲ့အရွယ်ဆိုပေမယ့် ပုညှက်ညှက်လူ့ဖလံလေးပဲဖြစ်နေတဲ့ စစ်သည်တော်မဟုတ်သူကောင်ကလေး သူတို့ကြားက မျိုးနွယ်စုရန်ငြိုးတွေ၊ ယောက်ျားတို့ရဲ့ အသက်လုတိုက်ပွဲတွေ၊ လူလူချင်း အမဲလိုက်တဲ့ လျှင်သူစား တောတွင်းဥပဒေသတွေကို ဒီဇာတ်ကားမှာ ဖောဖောသီသီမြင်ရဖို့ရှိပါတယ်။
Watch The Dead Lands Full Movie
Watch The Dead Lands Full Movie