Watch Belle Full Movie

လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ စတေးပြီးတော့ အသက်အာမခံ လျော်ကြေးတောင်းတဲ့အမှုကို ဦးရီးတော် တရားသူကြီးချုပ်က ကိုင်တွယ်ရတယ်။ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်လေး ဒဗီးနီးယားကို ကူညီပေးရင်း ဘဲလ်ဟာ ချစ်မိသွားပါတယ်။ ဒါပေမဲ့ မျိုးရိုးအဆင့်အတန်းမြင့်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တဲ့ မိသားစုကြောင့် ဘဲလ်ဟာ လူဖြူ မျိုးရိုးနိမ့်လေး ဒဗီးနီးယားအပေါ် ချစ်စိတ်တွေဖုံးကွယ်ထားရတယ်။ ဒါ့အပြင် လူမည်းကျွန်တွေ တရားမျှတမှုရရှိရေးအတွက် ဦးရီးတော်အရင်းနဲ့လဲ ရင်ဆိုင်ဆန့်ကျင်နေရတယ်။ ဘဲလ်တစ်ယောက် သူချစ်ရတဲ့သူအပြင် လူမည်းတွေအတွက်လည်း သူလိုချင်တဲ့ တရားမျှတမှုကိုရော ရရှိနိုင်ပါ့မလား ဆိုတာ
Watch Belle Full Movie
Watch Belle Full Movie