Watch Young Guns Full Movie

Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ ၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ပြီး သူ့ခြံမှာအလုပ်ပေးထားတယ်။ သူက ခိုင်းစားရုံမဟုတ်ဘဲ စာဖတ်ဘာညာပါသင်ပေးပြီး စာတတ်ပေတတ် သေနတ်သမားလေးတွေဖြစ်လာအောင် လုပ်ပေးခဲ့တယ်။ အဲဒီအချိန် အဲဒီနေရာမှာ သူ့ပြိုင်ဘက် ပိုအင်အားကြီးတဲ့ မာဖီလို့ခေါ်တဲ့ ခြံရှင်တစ်ပွေရှိသေးတယ်။ သူက ဂျွန်ကို မျက်စိစပါးမွှေးဆူးနေတယ်။ ဆူးဆို စီးပွားပြိုင်ဘက်ကိုး။ ပင်လယ်ရေဆိုတာ ခပ်သောက်မကုန်ပေမဲ့ ကမ်းစပ်မှာ ဆားချက်ပြီးရောင်းရင်တော့ သူ့ဆားနဲ့ကိုယ့်ဆား ပြိုင်ရောင်းရမှာကိုး။ ပြိုင်ဘက်မရှိတာ အကောင်းဆုံးပဲဆိုတော့ မာဖီ့လူတွေက ဂျွန့်ကိုသတ်ချလိုက်တယ်။
Watch Young Guns Full Movie
Watch Young Guns Full Movie