Watch High School Full Movie

အမြွှာပေမယ့် ကိုယ်စီမတူတဲ့ရည်မှန်းချက်နဲ့အကျင့်စရိုက်ရှိတဲ့ ဆယ်ရာနဲ့တီဂင် အမြွှာနှစ်ယောက်ကိုစောင့်ရှောက်နေရတဲ့ သူတို့ မိခင်စီမွန် အမြွှာနှစ်ယောက်ရဲ့ပ ထွေး ပက်ထရစ်နဲ့ ဆယ်ရာ့အချစ်ဆုံးသူငယ်ချင်း ဖီဘီ ဒီအဓိကဇာတ်ကောင်တွေနဲ့ပဲ ဇာတ်လမ်း တစ်ခုလုံးကိုဖန်တီးထားတဲ့ လူငယ်ကြိုက်စီးရီးလေးတစ်ခုပဲဖြစ် ပါတယ် ဒီစီးရီးမှာ တစ်ယောက်ချင်းစီဘက်ခြမ်းကနေ သူတို့ရဲ့ခံစား ချက်အဖုံဖုံကိုရိုက်ပြထားတာပါ လူတိုင်းမှာ ကိုယ်စီဖိအားတွေနဲ့ ပုံပြင်တွေရှိတတ်ကြောင်း ဇာတ်ကောင်တစ်ခုချင်းစီကိုကြည့်ရှုရင်း နားလည်လာစေမှာပဲဖြစ်ပါတယ် ကျောင်းသစ်ကိုပြောင်းလာတဲ့ဆယ်ရာနဲ့တီဂင်နှစ်ယောက် ရဲ့တွေ့ကြုံရမယ့်အခက်အခဲ တွေ မတည့်အတူနေဆိုပေမယ့် တစ်ယောက်အခက်အခဲဖြစ်နေချိန် တစ်ယောက်ကူညီပုံတွေ သူတို့ရည်မှန်းချက်ကိုလိုက်ရှာကြပုံတွေ စသဖြင့် ကြည့်ရှူရမှာပဲဖြစ် ပါတယ် ကြည့်ရှုသူတွေထဲမှာလည်း ကိုယ့်ပစ္စည်းကိုယ်မသုံးရဘဲ မောင်နှမတွေနဲ့ မျှသုံးနေရတဲ့လူတွေ ရှိရင် အခုပဲဒီစီးရီးကိုဒေါင်းကြည့်လိုက်ကြပါရှင်
Watch High School
Watch High School